။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ငွေကြေးကြောင့် အသက်မလဲနှင့်။။ လူမှုရေးကြောင့် အမည်းစက်မဖြစ်နှင့်။။ နိုင်ငံရေးကြောင့် အာဏာမမက်နှင့်။။ ကူညီရေးကြောင့် သနားမပျက်နှင့်။။ တာဝန်ကြောင့် စိတ်ထားမပြောင်းနှင့်။။ ပူပန်မှုကြောင့် အတွေးမလွန်နှင့်။။ ရလိုမှုကြောင့် အပိုမလိုချင်နှင့်။။ ညစ်နွမ်းမှုကြောင့် သီလမညစ်နှင့်။။ ညှဉ်းဆဲမှုကြောင့် မေတ္တာမမဲ့နှင့်။။ ပျက်ကွက်မှုကြောင့် ရိုသေမပျက်နှင့်။။ သည်နေ့ အပြုံးမပျက်နေတတ်စေ။ တောင်ကလေးဆရာတော်( ၁၀.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)